အချိန်ပေးပြီး ခဏလောက်ဖတ်ပေးစေချင်ပါတယ် အကျိုးမယုတ်ပါဘူး
🌹ညီမလေး….ထံသို့🌹
ညီမလေးရေ…ဖေဖော်ဝါရီ ဆယ့်လေးတဲ့ရောမဒဏ္ဍာရီထဲကဗလ်လင်ထိုင်း ဘုန်းတော်ကြီးကနေစတင် စီးဆင်းခဲ့တဲ့ဟောဒီ ချစ်သူများနေ့။
ရာဇ၀င် စာသဘင်တွေနဲ့ယနေ့ ကမ္ဘာအထိ သယ်ဆောင်လာမှားသလား မှန်သလားဆိုတာဘယ်သူမှ မဝေးခွဲခဲ့ကြဘူး။
တကယ်တော့ ညီမလေးရယ်သစ္စာရှိသောမေတ္တာရှိသောအကြင်နာနှလုံးသားရင်မှာထားရှိကြသောချစ်သူတိုင်း အတွက်အချစ်တွေ မဆိတ်သုဉ်းသမျှချစ်သူများနေ့ချည်းပေါ့ကွယ်။ချစ်သူတွေရဲ့ ချစ်ခြင်းမှာအပြစ်တွေ ကင်းနေဖို့တော့အမြဲတမ်း စောင့်စည်းကြရမှာပေါ့။
ကြာကြာ ဝါးမဲ့သွားအရိုး ကြည့်ရှောင်ရသတဲ့။အမေပေးခဲ့တဲ့ အမွေရိုသေရမယ် စည်ကမ်းရှိရမယ်အနာဂတ်ရဲ့ သားကောင်းတမန်တွေအတွက်မိကောင်းဖခင်တွေ ဖြစ်ကြရဦးမယ်လေ။
အခုတော့ ညီမလေးရယ်ကာမအမှောင်မှာအသိဥာဏ်အရောင် မလင်းနိုင်တော့အချစ်တွေလား အပြစ်တွေလားအရိပ်တွေလား အဆိပ်တွေလားရမ္မက်တွေလား နရက်တွေလားမစဉ်းစား မဆင်ခြင်ပဲတန်ဖိုးမဲ့ ရင်ခွင်ချင်းအပ်သွေးသားဆန္ဒ ပြင်းပြမုန်ယိုဖြစ်ချင်တိုင်းဖြစ်နေတာကိုမှအချစ်လို့ ခေါ်ကြသလားမသိ။
ဘ၀ပျက်သူက ပျက်အလှပျက်သူက ပျက်ကိုယ်ကျင့်သိက္ခာတွေကိုရောင်းစားလို စားနဲ့အရောင်မျိုးစုံ ဆိုးလိမ်းပြီးတော့ဖြူစင်တဲ့ဘဝတွေကို ဖျက်ဆီးနေလိုက်ကြတာအပြန်အလှန် အချစ်ကြီးနေလိုက်ကြတာအရှက်တွေမဲ့ အ၀တ်တွေမဲ့ဂုဏ်သိက္ခာတွေလဲ ကျိုးပဲ့လို့ပေါ့။အဲ့ဒီ Valentine’s day မှာဟိုတယ် တည်းခိုးခန်းနိုက်ကလပ် ဘားအခန်းတွေ အကုန်မအားဆိုကြားလို့မှ ကောင်းရဲ့လားကွယ်ဒါဟာ ဖိုမတို့ရဲ့ အပြာညလားကိုယ့်ကိုကိုယ် တန်ဖိုးမဲ့စွာအပေါစားပါလို့ ကြေငြာလိုက်တာလားမတွေးဝံ့ မနာသာဒါ မြန်မာ-တဲ့လားကွာ။
ရှေးလူကြီးသူမတွေတန်ဖိုးထား ဆိုဟခဲ့တဲ့မင်္ဂလာဦး ည ဆိုတာလဲခုခေတ်မှာ ကွယ်ပျောက်မင်္ဂလာဆောင်လဲ မမြောက်တော့ပါဘူး။
ဒါကို ချစ်သူများနေ့လို့သတ်မှတ်လွဲမှားကြရင်ဖြင့်ဒို့တတွေရဲ့ ဘာသာ ယဉ်ကျေးမှုဘယ်သူတွေ ဂရုပြုတော့မလဲ။
ညီမလေးရေဘယ်သူတွေ တရား ပျက်ပျက်ကိုယ် မပျက်စေနဲ့-တဲ့။ညီမလေးရဲ့ နှလုံးသားမှာဘ၀နဲ့ ရင်းရတဲ့ အမှားမျိုးတွေနောင်တကျိန်စာသင့်စေမယ့်ကံကြမ္မာရဲ့ဝိညာဉ်ဆိုးတွေရှောင်ရှားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
နေ့တိုင်းပဲ ချစ်သူများနေ့ ဖြစ်နိုင်ကြပါစေ။
#Crd🌹မျိုးဆက်သစ်မေတ္တာရှင်🌹



